မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား(ပထမ)အကြိမ် ငွေများပေးအပ်

မြစ်သား သြဂုတ်   ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား (ပထမ)အကြိမ်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် ရတနာအောင်မြေဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ ရေဘေးသင့် အကျိုးခံစားခွင့်ရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဌာနမှ လက်ထောက်ငွေသားနှင့် ပြေစာထောက်ပံ့ရေးအရာရှိ ဦးချမ်းမြေ့ထွန်းနှင့်တပ်ဖွဲ့ဝင် (၁၂) ဦးတို့က ဘူတာရပ်ကွက်ရှိရေဘေးသင့် အိမ်ထောင်စု (၈၁၀) စုအား (ပထမ)အကြိမ်ပေးရာတွင် အိမ်ထောင်စု (၁) စုလျှင်   ၄၀၀၀၀ဝိ/-ကျပ်နှုန်းပေးအပ်သည်။

ဆက်လက်၍ ပေးအပ်ရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့်ကြက်ခြေနီအသင်းဖွဲ့ဝင်များ၊ ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)