မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ (၃၃၀)ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ် စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၃၃၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် နေရှင်နယ်ပရဟိတဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေး‌ပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က နေရှင်နယ်ပရဟိတဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ၄၂၆၄၇ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ရေရရှိမှုနည်းလမ်းအလိုက် မိုးစပါးများကို ၅၂၈၁၇ လျာထားစိုက်ပျိုးလျက်ရှိရာ ၄၂၆၄၇ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ချမ်းမြသာစည်မြို့နယ် သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် သူရိန်နန်းကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း‌ကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉  နာရီခွဲက  မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် မိုးစပါး ၂၈၁ ဧက အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး ၂၈၁ ဧကအတွက်   ကျွဲတပ်ကျေးရွာအုပ်စုနှင့် ကုက္ကိုစု‌ ကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး‌ပေးသည်။

မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင်အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိ ပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌ နံနက်၉နာရီခွဲက ဆေးတလုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲရည်ရွယ်ချက်များ  ရှင်းလင်းပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင်  ဆိုရှယ်မီဒီယာအသုံးပြုတာကောင်းတယ်၊ ဆိုရှယ်မီဒီယာအသုံးပြုတာ မကောင်းဘူးခေါင်းစဉ်ဖြင့် စကားရည်လုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စကားရည်လုပြိုင်ပွဲကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

သာစည်မြို့နယ် ညောင်ရမ်း (အ.ထ.က) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်မွန်းလွဲပိုင်းက ညောင်ရမ်းကျေးရွာအုပ်စု၊ ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေးအသိပေး

ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)အစီအစဉ်ကို ဩဂုတ်၁၉ရက် နံနက်၉နာရီ က အခြေခံပညာအထက်တန်းကျောင်း(ရန်အောင်)၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး