မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် အခြေခံပညာ‌မူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

 မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟာ‌ပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရွှေသူဌေးအခြေခံ ပညာမူလတန်းကျောင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီက ၈၁လမ်း၊ ၂၃/ ၂၄ လမ်းကြားရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်း၊ အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း (မင်းလမ်းတောင်)တို့ပူးပေါင်း၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဩဂုတ်၁၈ရက် မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းတွင်ကျင်းပသည်။

မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနရုံးတွင် စာအုပ်ပြပွဲနှင့်မူးယစ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနရုံးတွင် မိသားစုစည်းရုံး‌ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းကို ယနေနံနက်ပိုင်းက အဆိုပါရုံး၌ စာအုပ်ပြပွဲနှင့် မူးယစ်အသိပညာပေး လက်ကမ်းစာစောင်များ​ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ရုံးလုပ်ငန်းများ စနစ်ကျပြီး လျင်မြန်စွာဆောင်ရွက်နိုင်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပျော်ဘွယ်မြို့နယ်ရှိ အသေးစားသဘာဝ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရမည်းသင်းမြို့နယ်၌ ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအစီအစဉ် ပူးပေါင်းဆာင်ရွက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အပတ်စဉ် တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးလှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့မဈေးကြီးအတွင်း ဆောင်ရွက်သည်။

ဝမ်းတွင်းမြို့နယ်၌ အခြေခံသမဝါယမအသင်းသားများ၏ မိုးကြိုဝါစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိ

ဝမ်းတွင်းမြို့နယ် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းရှိ အသင်းသားများစိုက်ပျိုးထားသော မိုးကြိုဝါ(၃၉)ဧကရှိပြီး ခူးဆွတ်ပြီးစီးမှုမှာ ယခုအချိန်ထိ (၁)ဧကလျှင်(၆၃၀)ပိဿာခန့်ထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းရရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

အမရပူရမြို့နယ်၌ ငှက်ပျောနှင့်ဗေဒါအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တို့ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်ပွဲကို အဆိုပါ ကျောင်း၌ ယနေ့နံနက် ၉ နာရီက  ကျင်းပသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကို  သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) တွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က  ကျောင်းသားကျောင်းသူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်တက်စေရန်၊ ကာယ၊ ဉာဏအား နှစ်ဖြာပြည့်စေရန်၊ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာဆက်ဆံတက်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး