မြစ်သားမြို့နယ် ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂ ရက်နေ့နံနက် (၁၀) နာရီက ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။