မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက သံလျက်မော်တောင်ရပ်ကွက်၊ ဒေါနသုခလူမှုကူညီရေးအသင်းရုံး၌ ကျင်းပသည်။