မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေ ကျောက်တုံးကြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင်အဖွဲ့လိုက်ပါပြီး ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်း သွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေ ကျောက်တုံးကြီးအား ဘေးပတ်ဝန်းကျင်အန္တရာယ် မဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။