အမရပူရမြို့နယ်၌ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲပြုလုပ်

အမရပူရ စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ဘိုးကျေရွာရှိ ကွင်းအမှတ် ၅၆၇ (က)၊ ဦးပိုင်အမှတ် ၃၄/၁၄၀၊ တောင်သူ ဒေါ်သီတာအေး၏ လယ်မြေ တစ်ဧက ပေါ်စိုက်ပျိုးထားသာ အောင်နိုင်တိုး စပါးစိုက်ကွင်းအတွင်း စက်တင်ဘာ ၁၃ ရက်နေ့နံနက် ၈ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲသို့ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊မြေစာရင်းဥိးစီးဌာန၊ ဦးစီးအရာရှိ၊ ဆည်မြောင်းနှင့်ရေအအသုံးချရေးဦးဌာန၊ ဦးစီးအရာရှိ၊ စက်မှုလယ်ယာဦးစီးဌာ၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံက တက်ရောက်လာသော တောင်သူများကို သဘာဝမြေသြဇာလက်တွေ့ ပြုလုပ်နည်းနှင့်ပြုလုပ်ပြီး သဘာဝမြသြဇာနှင့်ပုလဲဓာတ်မြေသြဇာတို့ကို လက်တွေ့ရောစပ်ပြခဲ့ပြီး မြေသြဇာများကို အဆိုပါလယ်မြေ၌ လက်တွေ့ကြဲပက်ပေးခဲ့သည်။

စိုးသီဟ(အမရ)