ညောင်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှု ဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့်အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ၊ စက်တင်ဘာဘာ (၁၃)ရက်၊ နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် သရုပ်ပြမဲမေးစက်ဖြင့်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြအခမ်းအနားတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့် မိတ်ဆက်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိက ဒေါ်ယွန်းယွန်းထိုက်က မဲပေးစက်ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်သူ/ရပ်ကွက်သားများက ကိုယ်တိုင်ကိုယ်ကျစမ်းသပ်မဲပေးကြပြီး၊ ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲပေးစက်မှ မဲလက်မှတ်စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလာဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ဒီပါလင်း