မဟာအောင်မြေ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို) (AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့်မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၅ရက်က ချမ်းမြသာစည်မြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင်ကျင်းပသည်။
ဦးစွာအမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ကျောင်းအုပ်ကြီး ဦးနိုင်ဦးက အမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်ကဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားသည်။ ဆက်လက်၍ ဘဏ္ဍာရေးမှူးဒေါ်ခင်မေပိုင်က မူးယစ်သမိုင်းကြောင်းနှင့်အတွင်းရေးမှူး ဦးမြင့်သန်းနှင့် ဦးသန့်ဇင်ဦးတို့က မူးယစ်ဆေးဝါအမျိုးအစားနှင့်ဆိုးကျိုးအန္တရာယ်အကြောင်း ဆက်လက်ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့်ကျောင်းသားကျောင်းသူလေးများအား မေးခွန်းများမေးမြန်း ဖြေဆိုကာ ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း