မန္တလေးတိုင်းဒေသကြီး

မတ္တရာမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအပ်စု၌ စိုက်ပျိုးထားသော ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၌ စိုက်ပျိုးထားသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင်လာမည့်ရွေးကောက်ပွဲတွင်မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများကြေညာ

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။

ဆေးတက္ကသိုလ်-မန္တလေး၊ အလုပ်သင်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်-မန္တလေး အလုပ်သင်ဆရာဝန်(သစ်လွင်)ကြိုဆိုပွဲနှင့် Orientation Course For House Officers ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်း‌အေးသာစံ မြို့နယ်၊ လမ်း ၃၀ × ၇၃ လမ်းရှိ ဆေးတက္ကသိုလ်-မန္တလေး၊ မန်းရတနာပုံ(ဇီဝက)ခန်းမတွင် ကျင်းပခဲ့သည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးမြို့၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါနဆွမ်းလောင်းလှူပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၃ ရက်(အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၉ နှစ်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်သံဃာတော် ၂၅၆၉ ပါးကို ဆွမ်းသပိတ်များ လောင်းလှူသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်မြေသာစံမြို့နယ် အ-ထ-က(၁၀)ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပရေးစည်းဝေး

မန္တလေးမြို့ အ-ထ-က(၁၀) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပနိူင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အ-ထ-က(၁၀) စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ကြသည်။

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူး၍ Viksit Bharat Run-2025 ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပ

မန္တလေးမြို့အခြေစိုက်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူး၍ Viksit Bharat Run_2025 အထိမ်းအမှတ် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ အခမ်းအနားကို နန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ် ၁၉ လမ်းထိပ်တွင် စက်တင်ဘာလ၂၈ ရက်‌နေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာ (၁) လစာပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၁) လစာ ပေးအပ်ပွဲကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စိစစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး စက်တင်ဘာ ၂၉ ရက်နေ့နံနက် (၁၀) နာရီက ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဆက်လက်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာတွင် စားသုံးသူကာကွယ်ရေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း အလည်ရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး