မန္တလေးတိုင်းဒေသကြီး

စွယ်တော်မြတ် စေတီတော်(မန္တလေး)တွင်သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီး(၉၀၀၀) ပူဇော်ပွဲ၊ ဓမ္မစကြာဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပွဲစည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအစည်းအဝေးပြုလုပ်

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရှားတောလေးကျေးရွာအနီးရှိစွယ်တော်မြတ်စေတီတော်(မန္တလေး)တွင် (၅.၁၀.၂၀၂၅)တနင်္ဂနွေနေ့မှ (၆.၁၀.၂၀၂၅) တနင်္လာနေ့ထိ ကျင်းပပြုလုပ်မည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ဆီမီး(၉၀၀၀) ပူဇော်ပွဲ၊ ဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲအခမ်းအနားကို စနစ်တကျစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ယာယီရုံးခန်း၌ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းဆေးအဖွဲ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။

မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ၂၉ ရက်နေ့ နံနက် ၆ နာရီက ကုသိုလ်ပြုလောင်းလှူကြသည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မဲစာရင်းဆိုင်ရာလုပ်ငန်းစဥ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အမှတ်(၃)ရပ်ကွက် ရွှေရပ်သာမြတ်စွာဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် နှလုံးအထူးကုဆရာဝန်ကြီးများမှ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုသ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနမှ ၂၀၂၅ ခုနှစ်၊ (၂၅)နှစ်မြောက်ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်သူများနှင့်ကျန်းမာရေးဝန်ထမ်းများအား နှလုံးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီး၌ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၏ ရိုးရာအမွေအနှစ် ဆင်ပွဲတော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မကြာခင်အချိန်ကာလ၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်ကြီး ရောက်ရှိလာတော့မည်ဖြစ်ပြီး ဆင်အကအလှအဖွဲ့များမှလည်း ရိုးရာဆင်၊ ဘော်ကြယ်ဆင်များဖြင့် မြန်မာရိုးရာ အိုးစည်၊ ဒိုးပတ်၊ ဝါး၊ နှဲ၊ လင်ကွင်း အတီးအဖွဲ့များနှင့်တစ်ဖုံ ခေတ်ပေါ်တေးဂီတ သံစုံတီးဝိုင်းအဖွဲ့များကတစ်မျိုးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် စတင်လှည့်လည် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရှိရပါသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင် ချေးငွေများပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေလ (၁၅) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၂၆) ရက်နေ့အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး