ညောင်ဦးမြို့နယ် မဲဆန္ဒနယ်လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင် စာရင်းများကြေညာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများ၌ နံရံကပ်ဘုတ်များဖြင့် ကြေငြာပေးထားလျက်ရှိကြောင်း သိရသည်။