အောင်မြေသာစံမြို့နယ် အ-ထ-က(၁၀)ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပရေးစည်းဝေး

အောင်မြေသာစံ စက်တင်ဘာ ၂၉

မန္တလေးမြို့ အ-ထ-က(၁၀) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပနိူင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အ-ထ-က(၁၀) စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ကြသည်။

အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ အတွင်းရေးမှူး ဦးကျော်နိုင်မင်းနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တတ်ရောက်ကြသည်။

အစည်း‌အဝေးဆုံးဖြတ်ချက်အရ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့ (တနင်္ဂ‌နွေနေ့)တွင် အ.ထ.က(၁၀) ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကန်တော့ခံ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၅၉) ဦးအား ပူဇော်ကန်တော့ကြမည်ဖြစ်ပါသည်။

ကျောင်းသား၊ ‌ကျောင်းသူဟောင်းများအနေဖြင့် အလှူငွေများဆက်သွယ်လှူဒါန်းလိုပါက ဦးထွန်းဝေ(ဖုန်း) 092023961၊ ဦးအောင်မြင့်စိုး(ဖုန်း) 09426803234 ၊ ဦးကျော်နိုင်မင်း(ဖုန်း) 092010279၊ ဦးမြင့်ဌေး(ဖုန်း) 09796800600 ၊ ဦးဇော်ထွန်း(ဖုန်း) 092002216 တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)