မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် တက္ကသိုလ်‌/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် တက္ကသိုလ်/‌ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း နေထိုင်ကြပြီး၊ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရိကောလိပ်နှင့် ကောလိပ်ကျောင်းသား/ ကျောင်းသူများသည်၊ မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်၊ သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီကြိုတင်ဆန္ဒမဲပေးခြင်းကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်မဲပေးလျှက်ရှိရာ၊ ယနေ့ နံနက်ပိုင်းတွင် ၂၉ ဦး လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနက် မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအ‌စည်းအ‌ဝေးခန်းမ၌  ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

မိတ္ထီလာမြို့နယ် စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒနယ်ပြင်ပ သွားရောက်ကျောင်းတက်ကြမည့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှုကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တရုံးနေရာတွင် ကျင်းပကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်များသို့  စာအုပ်စာစောင်များ လှူဒါန်းပွဲကို မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

မြင်းခြံမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်၌ တက္ကသိုလ်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး