မလှိုင် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြောင်း သိရသည်။
တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် မလှိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၆) အုပ်စုရှိ မဲရုံ (၁၈၈) ရုံ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ငါးရက်တာကာလအတွင်း မဲပုံးများဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ရီရီဝင်းတို့က လိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းမှ ကြိုတင်ဆန္ဒမဲပေးနိုင်သည့် ကျောင်းသား၊ ကျောင်းသူ (၁၁၆) ဦးခန့်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)