မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဦးကျော်မင်းခိုင်မှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆ လမ်း၊ ၁၄၂(အေ)လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု (၃၇၀)စု တို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် သာမကဗဟုသုတများစွာ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်​​နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။

မိတ္ထီလာခရိုင်တွင် မိုးနေကြာစိုက်ပျိုးဧက ၄၂၀၂ ဧကစိုက်ပျိုးနိုင်ပြီး မိုးနေကြာများ စတင်ရိတ်သိမ်းရာ တစ်ဧက ၁၅ တင်းကျော် ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးနေကြာစိုက်ပျိုးဧက ၄၂၀၂ ဧကစိုက်ပျိုးနိုင်ပြီး ​မိုးနေကြာများစတင်ရိတ်သိမ်းရာ တစ်ဧက ၁၅ တင်းကျော် ထွက်ရှိကြောင်း သိရသည်။

အမရပူရ​မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက  မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆို

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ပါမောက္ခချုပ်(တာဝန်)နှင့်ဒုတိယပါမောက္ခချုပ်၊ ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၄ ရက် နံနက်(၈)နာရီခွဲက D1,D2 စာသင်ခန်းများတွင် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စတင်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာ ၂၄ ရက် မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး