မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလ ငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း လမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့က အ.ထ.က(မလှိုင်) ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဟာ‌အောင်မြေမြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

​​​​​​​ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်း၌ ရေတိုက်စားနေသည့် လမ်းပိုင်းတာပေါင်အား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ဘဏ္ဍာနှစ်အလိုက်ပျက်စီးနေသည့် လမ်းများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့နယ်ချင်း ဆက်သွယ်ထားသောလမ်း၌ ရေတိုက်စားနေသည့် လမ်းပိုင်းတာပေါင်အား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန် နှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက တောင်သာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ လူနေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ ၁၀ ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယာတော်ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်မှုဇုန်(၁) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ သိုလှောင်ရုံများအား ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြင်ဦးလွင်မြို့နယ်အတွင်း၌ ယာယီနေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် မန္တေလးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်အတွင်းမှ နယ်မြေအခြေအနေအရ ထွက်ပြေးတိမ်းရှောင်၍ ယာယီခိုလှုံနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများအား နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြို့လယ်ရွှေစည်းခုံကျောင်းတိုက်၊ ဆေကိန္ဒာရာမရွှေကျောင်းတိုက်နှင့် သီရိမင်္ဂလာကျောင်းတိုက်တို့ရှိ ဓမ္မာရုံအသီးသီးတို့တွင် သွားရောက်တွေ့ဆုံအားပေးကာ အိမ်ထောင်စုများအတွက်  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်မှုဖြင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ နိုဝင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး