စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပတမအကြိမ်) ဖွင့်လှစ်ပို့ချ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။