ရန်ကုန်တိုင်းဒေသကြီး

အစိုးရသစ်၏ ရက်(၁၀၀)အထူးစီမံချက်ဖြင့် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

အစိုးရသစ်၏ ရက်(၁၀၀)အထူးစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဝါးတရာကျေးရွာ၊ ထိန်ကုန်းကျေးရွာနှင့် လမုတန်းကြီး ကျေးရွာရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကာယဉာဏ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား‌၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်များတွင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကာယဉာဏပြိုင်ပွဲများကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက  လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တစ်ဆင်း မီးဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီး‌ဘေးအန္တရာယ်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၇)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌  အခြေခံကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး ရည်ရွယ်ချက်ဖြင့် နွေရာသီပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အခြေခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို သာကေတစက်မှုဇုန်စီမံခန့်ခွဲမှု‌ ကော်မတီရုံးခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနက နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၇ / အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၇/အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက  တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။                                      

တောင်ဥက္ကလာပမြို့နယ်၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Public Awareness) ဆောင်ရွက်

ပြည်သူများအမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ပါးစေရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Public Awareness) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမကြီး သုမင်္ဂလာပန်းခြံရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး