သာကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌  အခြေခံကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်

သာကေတ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး ရည်ရွယ်ချက်ဖြင့် နွေရာသီပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အခြေခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က နွေရာသီကျောင်းပိတ်ရက်ကာလတွင် ပညာပေးသင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြော့ကြားပြီး သင်တန်းနည်းပြဆရာမ စာရေးဆရာမ နန်းဟင်းပြင်းကက သင်တန်းတွင်သင်ကြားပေးမည့် အစီအစဥ်များကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ကာ သင်တန်းကိုဆက်လက် သင်ကြားသည်။

အဆိုပါ နွေရာသီ အခြခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ တက်ရောက်ခဲ့ကြောင်းသိရပြီး သင်တန်းတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးခန့် တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ (၁၀)ရက်ကြာ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)