ကျောက်တန်းမြို့နယ်၌ ခေါင်နှံဖြင့် မျိုးသန့်ပွားများခြင်းဆိုင်ရာ စိုက်ပျိုးနည်းပညာများ ဆွေးနွေးသရုပ်ပြပွဲ ဆောင်ရွက်

ကျောက်တန်း  မေ  ၂

ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ တောင်သူများ စပါးသီးနှံခေါင်နှံဖြင့် မျိုးသန့်ပွားများဆိုင်ရာ နည်းပညာဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၌ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ဆွေဆွေဦး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်တင်တင်ဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဇာနည်လှိုင်တို့က ညောင်ဝိုင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၆၂၂ (အေ)၊ ဦးပိုင်အမှတ် - ၄၁/၃ ရှိ တောင်သူ ဦးစန်းလင်း၏ မှော်ဘီ-၃ စပါးစိုက်ခင်းတွင် ခေါင်နှံဖြင့် မျိုးပွားခြင်းဆိုင်ရာနှင့် မျိုးသန့်ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကွင်းဆင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး တောင်သူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)