ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည်။

ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က   အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧကရီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာ၀န်ကြီးများက ပြည်သူများအား ဆေးကုသခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေး၀န်ကြီးဌာနမှ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာ၀န်ကြီးများပါ၀င်သော အထူးကုဆေးအဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနနှင့်အတူ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက(ဌ)ရပ်ကွက်၊ သစ္စာပန်းလမ်း၊ နိဗ္ဗာန်အောင်ဓမ္မရုံ၌ ကွင်းဆင်းကာ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူ/ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားသည့်အခမ်းအနား ကျင်းပ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူ/ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားသည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မှော်ဘီမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေးလုပ်ငန်း မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲအား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးရုံးခန်းမ၌ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာနေပြည်သူများအား‌ အခမဲ့ဆေးကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့က ဝါးဘလောက်သောက်‌ကျေးရွာ မူလရွာလယ် ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

အင်းစိန်ခရိုင်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မေလ ၂၇ ရက် ညနေ ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မှော်ဘီမြို့နယ်၌ ၂၀၂၆-၂၀၂၇ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကိုလည်း မှော်ဘီမြို့နယ်၊ အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာ)ခမ်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်၌ “သန့်ရှင်းစိမ်းလန်းစနစ်ကျ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရန် ၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရာမာ ကရစ်ရှနာမစ်ရှင်ဘုရားရှိခိုးဝတ်ပြုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က “သန့်ရှင်းစိမ်းလန်း စနစ်ကျမြို့ပြဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး