ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးကြပ်၍ သက်ဆိုင်ရာဌာနတာ၀န်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လုံခြုံစိတ်ချမိခင်ဘဝသေချာရအောင် ဝိုင်းကူကြ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၆ ရက်နေ့နံနက် ၈ နာရီခွဲက လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် Smart City အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အမှတ်(၆၉)ရပ်ကွက်၊ ပုညာနန္ဒဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာနေပြည်သူများအား‌ အခမဲ့ဆေးကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဝါးဘလောက်သောက်‌ကျေးရွာ မှုလရွာလယ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကမာရွတ်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်များကိုဂုဏ် ပြုပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ဂုဏ်‌ဆောင် လူရည်ချွန်များကိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်(၂)အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

သန်လျင်မြို့နယ်၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် Rice Export Zone ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ဒေသခံတောင်သူ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ စိုက်ပျိုးပညာပေးစခန်း၌ ကျင်းပသည်။

လှိုင်မြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မျက်စိရောဂါများ အခမဲ့ကွင်းဆင်းကုသပေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယနေ့နံနက်ပိုင်းက မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)နှင့် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိရောဂါများ အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး