ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး သန့်ရှင်းသော သောက်သုံးရေနှင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၉၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ခရမ်းမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆−၂၀၂၇ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “နိုင်ငံတော် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ဖို့ ကျေောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ ၂၀၂၆−၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၈၈)ရပ်ကွက်ရှိ အမှတ်(၁) အခြေခ ပညာအထက် တန်းကျောင်းတွင်ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တက္ကသိုလ်များလှိုင်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိပြီး မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားများကို နိုင်ငံအဝန်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တော်ဝင်သ‌ဇင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခရမ်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

အင်းစိန်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းသင်တန်းကျောင်း(ကြို့ကုန်း)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းနှင့် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ကမ်းဝေးရေယာဉ်ပိုင်ရှင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုံမြို့နယ်ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်း​ဒေသကြီး၌ "နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့" လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာလူငယ်မိဿဟာယအသင်း (M-YF)၊ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်းစကားဝိုင်းလူငယ်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး