မိုင်းပျဉ်းမြို့၌ နယ်လှည့် ပြည်သူ့ဆက်ဆံရေး ကပြဖျော်ဖြေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ ပြဇာတ်တပ်စုမှ မိုင်းပျဥ်းမြို့ရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီမှစတင်၍ မြို့မအားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။