မက်မန်း ဇွန် ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုင်း/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မက်မန်းမြို့ ပညာဒီပဘုန်းတော်ကြီးကျောင်းမှ အရှင်သာမနေအပါး (၁၀၀)၊ မက်မန်းမြို့ပေါ်ရှိ ရပ်ဝေးနေတိုင်းရင်းသားများ ပညာရည်ဖွံ့ဖြိုးမှုအဆောင်မှ ကျောင်းသား/ ကျောင်းသူ (၃၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၃၂) ဦးတို့ကို မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအစရှိသည့် အကြောင်းအရာများကို ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါ အရှင်သာမနေများနှင့် ကျောင်းသား/ ကျောင်းသူများကို တစ်ဦးချင်းအလိုက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည့်ဆေးဝါများ ပေးအပ်ခဲ့ပါသည်။ အဆိုပါဆောင်ရွက်နေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျောင်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)