ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ဆက်လက်ထိုးနှံပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် KGကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။