ရှမ်းပြည်နယ်

လဲချားမြို့နယ်တွင်ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို အ.ထ.က(လဲချား)တွင် အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် Grade- 5၊ Grade- 6၊ Grade- 7၊ Grade- 8၊ Grade- 9 များ၏ သင်္ချာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့နံနက် ၉ နာရီမှ စတင်၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာဆန်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားနပ်ရိက္ခာ ဆန်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် မဟာသန္တရံသီ‌စေတီတော်ရင်ပြင်ရှိဓမ္မာရုံတွင် (၅)ရက် တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မဟာသန္တရံသီ‌စေတီတော်ရင်ပြင်ရှိဓမ္မာရုံတွင် တိုင်းစစ်ဌာနချုပ်ကကြီးမှူး၍ (၅) ရက် တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် နားလီကျေးရွာ အ-မ-က(နားလီ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို နားလီကျေးရွာ အ-မ-က(နားလီ)တွင် အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရွှေမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် လယ်သီးထပ်ဆီနေကြာမျိုးစေ့ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် လယ်သီးထပ်ဆီနေကြာမျိုးစေ့ သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ (၁၀) ရက် နံနက် (၁၀) နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ကျေးရွာ ကွင်းအမှတ် (၅)၊ ဦးပိုင်းအမှတ်(၁၄/၁) အနီး၌ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်

အရည်အချင်းပြည့်ဝသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်