ရှမ်းပြည်နယ်

မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

နန်းယွန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်​မဲပေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီအချိန်က နန်းယွန်းမြို့၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။

မိုင်းကိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်(၉)နာရီအချိန်က မိုင်းကိုင်မြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ အ.ထ.ကကျောင်းတွင် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (နမ့်စန်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့ နေ့လည် ၁ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါ အ.ထ.ကကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

မောက်မယ်အ.ထ.က၌ သင်္ချာနှင့်အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ အောက်တိုဘာ ၁၆ ရက်နေ့နံနက် (၉)နာရီက သင်္ချာနှင့်အင်္ဂလိပ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အင်းလေးကန်အတွင်းရှိ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဟင်္သာတိုင် ပြန်လည်ပြုပြင်မွမ်းမံပြီးစီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း မင်းချောင်းကျေးရွာအုပ်စု၊ ကျေးစားကုန်းကျေးရွာအနီးရှိ ဟင်္သာတိုင်သည် လေပြင်းတိုက်ခတ်ပြီး ကျွန်းမျှောများ မျှောပါထိခိုက်မှုကြောင့် စက်တင်ဘာလ (၃၀) ရက် နံနက်ပိုင်းတွင် တိမ်းစောင်းထိခိုက်ပျက်စီးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဒေသ၊ ကေလာကျေးရွာ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာကျေးရွာရှိ စက်ရေတွင်းနှင့် (၄.၅)ကီလိုမီတာအရှည်ရှိ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနာကို ယမန်နေ့နံနက် ၉ နာရီက ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ပုံပါကျင်မြို့ အခြေခံပညာမူလတန်းကျောင်း(ဟွေအော)၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၄ ရက်နံနက်က အမက(ဟွေအော)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မြို့မကျောင်းများသို့ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်