မိုင်းပန် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မြို့မကျောင်းများသို့ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်ထက် မကျော်သော KG ကျောင်းသား/သူ(၁၂၁)ဦးအား DT ကာကွယ်ဆေးနှင့် အသက်(၉)နှစ်မှ (၁၀)နှစ် ကျောင်းသူ(၇၆)ဦးအား HPV ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)