ရှမ်းပြည်နယ်

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် လူမှုရေးဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီမှစ၍ ကွန်ဟိန်းမြန်မာ့စီးပွားရေးဘဏ်၌ ကိုယ်ဝန်ဆောင်များနှင့် အသက် (၂) နှစ်အောက်ကလေးများ၊ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သူများအား ကိုယ်စားလှယ်ဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ  ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်ရည်ရွယ်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင်  ဆောင်ရွက်ခဲ့သည်။

နမ့်စန်တွင် ကျောင်းသားများပါဝင်လှုပ်ရှားမှုတိုးမြှင့်စေရန် အစပျိုးအကောင်အထည်ဖော်ရေးလုပ်ငန်း ‘Students Parcitipation Initative – SPI’ ခရိုင်အဆင့် ဆွေးနွေးပွဲဆောင်ရွက်

ကျောင်းသားများပါဝင်လှုပ်ရှားမှု တိုးမြှင့်စေရန် အစပျိုးအကောင်အထည်ဖော်ရေးလုပ်ငန်း ‘Student Participation Initative – SPI’ ခရိုင်အဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း (နမ့်စန်) သရဖီခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ အချိန်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ ရိုးရာမီးပုံးပျံ ညမီးကြီးများ လွှတ်တင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဝင် မီးပုံးပျံပညာရှင်များ​၏ ဝါသနာ၊ စေတနာနှင့် ငွေကြေးအကုန်ကျခံ အချိန်ယူကြိုးစားအားထုတ်ပါဝင်ယှဉ်ပြိုင်မှုများအား လေးစားအသိအမှတ်ပြုခြင်း ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်၏အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်ည၌ အဝေရာကုန်းသာယာ မီးပုံးပျံပြိုင်ပွဲကွင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်များပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး အေးသာယာစက်မှုဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး (၁၀ မဂ္ဂါဝပ်) လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်အကွက်ကြီးအမှတ်(၁၀၂)တွင် UNI ENERGY CO.,Ltd.မှ ဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀-မဂ္ဂါဝပ်)စီမံကိန်းသို့ နိုဝင်ဘာ၅ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက စီမံကိန်းပထမအဆင့်တွင် လျှပ်စစ်ဓါတ်အား (၅ မဂ္ဂါဝပ်) ထွက်ရှိမည်ဖြစ်ကြောင်း၊ Battery Container နှင့် ဆက်စက်ပစ္စည်းများအားလုံးရောက်ရှိပြီးဖြစ်ပါကြောင်း၊ Solar Panel များတပ်ဆင်ထားရှိမှုမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ 11 KV ဓာတ်အားလိုင်း ပေ ၁၇၀၀၀ သွယ်တန်းခြင်းတွင် ပေ ၁၂၀၀၀ သွယ်တန်းပြီးဖြစ်ပါကြောင်းနှင့် စီမံကိန်းအားလုံး၏လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

မိုင်းယုမြို့၌ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို  နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။

ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၇ ခု၊ တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မြို့လုံးကျွတ်ရိုးရာမီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ယနေ့နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့(ည)၌ မြို့လုံးကျွတ်ရိုးရာမီးပဒေသာအလှ လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်