ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကွန်ဟိန်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၇ ခု၊ တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲတွင် စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်၊မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူများမှ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြပြီး စတုဒီသာများဖြင့် အလှူဒါနများပြုလုပ်ကြကြောင်း သိရသည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများမှ တိုးနယားအကနှင့် ကိန္နရီ/ကိန္နရာ အကများဖြင့် ဖျော်ဖြေကြရာ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များတို့က ဆုများ ချီးမြှင့်ပေးပြီး မီးပုံးပျံလွှတ်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)