ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။

ဂွမြို့တွင်၂၀၂၂ခုနှစ် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ ကလေးတိုင်း အတွက်​ ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကို ယ​မန်နေ့ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့၊ ရဟိုင်ဖျားကျေးရွာ အုပ်စုတွင် တောဆင်ရိုင်းများ ဝင်ရောက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်  ရဟိုင်ဖျားကျေးရွာအုပ်စုတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ ည(၁၁)နာရီက တောဆင်ရိုင်း(၃)ကောင် ဝင်ရောက်ခဲ့ပြီး ကွမ်းခြံနှင့် နေအိမ်တဲမီးဖိုချောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများအား  သတင်းဗွီဒီယိုရိုက်ကူးရာတွင် နည်းစနစ်ကျစွာရိုက်ကူးတတ်စေရန်ရည်ရွယ်၍ “သတင်းဗွီဒီ ယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း”ကို ယနေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်သင်ကြားပို့ချသည်။

အမ်းမြို့နယ်၌လိုင်စင်မဲ့ဆိုင်ကယ်များအားယာဥ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့်သက်တမ်းတိုးဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်မှူးရုံးခန်း၌ ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့နယ်၌ မြို့နယ်အဆင့်  အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ  စွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများစာပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော  ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေ ရန်  ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  G–5  တန်းမှ G–9 တန်းထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် (အင်္ဂလိပ်-သင်္ချာ) နုတ်ဖြေစွမ်း ရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အင်္ဂလိပ်/သင်္ချာ စွမ်းရည်နုတ်ဖြေပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (ဒါဘာ)ကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ များအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးကက်မှုနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်း မတွင် ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်