ရခိုင်ပြည်နယ်

ငပလီမြို့ ငပလီကမ်းခြေ ဆောင်းဦးပွဲတော်အခမ်းအနားစည်ကား သိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်  ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသည့်ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ မောင်မယ်သစ်လွင်နေ့ကျင်းပ

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ ဘီးလှိမ့်ခွန်များ ကောက်ခံလျက်ရှိ

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်သာယာရေး ဥပဒေအရ ဘီးလှိမ့်ခွန်များ ကောက်ခံခြင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ မြောက်ဦးမြို့စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ကောက်ခံလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂ ညီလာခံ ကွန်ဗင်းရှင်း ကမာ္ဘ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင်မင်္ဂလာပြုလုပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီက ယိုးတရုပ်စံပြကျေးရွာရှိ သတ်မှတ်ထားတဲ့ ယိုးတရုပ်တိုက်နယ်ဆေးရုံမြေနေရာ၌ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာ ဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉နာရီက သံတွဲမြို့နယ် ကြက်စားချောင်ကျေးရွာ ကွင်းအမှတ် (၁၅၁)၊ ဦးပိုင်အမှတ်(၁၁၅/၂)ရှိ တောင်သူဦးဌေးဝင်းလှိုင်၏ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်း(၀.၁၀)ဧကကိုရိတ်သိမ်းရာ အစိုအထွက် (၁၁၀.၅၄)တင်း၊ အခြောက်(၁၀၈.၂၀) တင်း ထွက်ရှိခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လှည့်လည်ကြည့်ရှု

စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လှည့်လည် ကြည့်ရှု အားပေး ကြသည်။

ဘူးသီးတောင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက်(၇)နာရီခွဲက မီးရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်