ရခိုင်ပြည်နယ်

စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များဈေးနှုန်းသက်သာစွာရောင်းချပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိသည်။

နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ သရွဲကျေးရွာ၌ ကျေးရွာဝင်လမ်း ကွန်ကရစ်ခင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သရွဲကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဝင်လမ်းကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းဖြင့် ကွန်ကရစ်လမ်း အလျား ၆၁၅ ​ ပေ၊ အကျယ် ၇ ပေ ၊ ထု ၆ လက်မ ဆောက်ရွက်လျက်ရှိကြသည်။

ပေါက်တောမြို့ရှိ  စာဖတ်ပရိသတ်များထံ  စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။

ဘူးသီးတောင်မြို့ မြို့နယ်လျှပ်စစ်ရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ (၃) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့နယ်လျှပ်စစ်ရုံး၌ လျှပ်စစ်ဝန်ထမ်းများအား မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအခြေခံပညာ အလယ် တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ စာပေထူးချွန်မှုဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက  အ.ထ.က(ခွဲ) စျေးတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက် မှ ဆရာတော်ကြီးများနှင့်သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ယောဂီများ တရားကျင့်ကြံပွားများအား ထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ် ရပ်ကွက်နေ ပြည်သူများမှ ယနေ့ ညနေ ၄ နာရီက  ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင် မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအားစာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် စာရင်းရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်