ဘူးသီးတောင် နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ ရခိုင်ပြည်နယ်နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ပြည်နယ်၏ အထိမ်းအမှတ်နေ့ဖြစ်သည့်အတွက် စည်ကားမှုရှိအောင် ကလေးများ၊ လူငယ်လူရွယ်များ ပျော်ရွှင်နိုင်ရန် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားများ ပြောကြားပြီး သက်ဆိုင်ရာဌာနအလိုက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပမည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်၍ ဌာနအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ကလေးသူငယ်များ၊ လူငယ်လူရွယ်များအတွက် အားကစားပွဲများဖြစ်သည့် ပြေးခုန်ပစ်၊ တာတိုမီတာ၊ ချောတိုင်တက်ပွဲ မုန့်ကိုက်ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲနှင့် ပိုက်ပျော်ခြင်း၊ ဘောလုံးပွဲများ ကျင်းပဆောင်ရွက်သွားမည ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)