ရသေ့တောင်မြို့၌ ၂၀၂၂-၂၃ဘဏ္ဍာရေးနှစ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများကလာ ရောက်ကြည့်ရှုကြပြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဒေါ်အေးသန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ငယ်ငယ်လှိုင်နှင့် QCအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။