ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ စတင်ဖြေဆို
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတေင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။