သံတွဲမြို့၌ မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲဖြေဆို

သံတွဲ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အထက(ခွဲ)မြို့မ၌ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိ သည်။

အဆိုပါ စာမေးပွဲကို သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ထူးချွန် ကျောင်းသား/ကျောင်းသူ ၁၉ ဦးရှိသည့်အနက် ၁၇ ဦးဖြေဆိုပြီး အထက်တန်းအဆင့် Grade-10 နှင့် Grade-11 တို့မှ ထူးချွန် ကျောင်းသား/ကျောင်းသူ ထူးချွန် ကျောင်းသား/ကျောင်းသူ ၂၅ ဦးရှိသည့်အနက် ၂၀ ဦးတို့သည် ယနေ့ နံနက်ပိုင်းက မြန်မာစာ ဘာသာရပ်ကို ဖြေဆိုပြီး မွန်းလွဲ ၁ နာရီမှ ၂:၃၀ နာရီအထိ အင်္ဂလိပ်သာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။

ခရိုင်ပြန်/ဆက်