ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မေ ၁၄ ရက်က အလွန်အားပြင်းသော မိုခါမုန်တိုင်းဒဏ်ကြောင့် မောင်တောမြို့ နယ်အနေဖြင့်  ဓာတ်တိုင်များ၊ ၁၁ ကေဗွီလိုင်း နှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများ ပျက်စီးဆုံးရှုံမှုများရှိခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ၆၆ /၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်း လက်ခံ ရရှိခဲ့ပြီး ခရိုင်/မြို့နယ် အင်ဂျင်နီ ယာများဦးဆောင်၍လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက မြို့နယ်အတွင်း လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးကာ မြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူး ပေးထားပြီးကြောင်း သိရသည်။

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

စစ်တွေမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ လူအများရှေ့တွင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ ပြည့်ဝပြီး လက်ဆင့်ကမ်းမျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀:၃၀ချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

မိုခါ မုန်တိုင်းကြောင်း ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ ညနေပိုင်းတွင် အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ဆရာ/ဆရာမများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် တွေ့ဆုံအားပေး၍ ထောက်ပံ့ရေးပစွည်းများ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်တွင် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသော ကျေးရွာအုပ်စုများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ထားသော ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့်လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ ဦးဆောင်၍ ယမန်နေ့၊ နံနက်(၉)နာရီက သာစည်ကျေးရွာနှင့်လက်ဝဲစာတိုက်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့၌ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြတ်တောက်သွားသောလျှပ်စစ်မီးများပြန်လည်ရရှိ၍ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိမြို့ရွာအချို့တွင် လျှပ်စစ်မီးများပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ ထိုပြတ်တောက်သွားသော လျှပ်စစ်မီးများကိုဘူးသီးတောင်မြို့၌ ယမန်နေ့ နေ့လယ် (၁၁း၂၃)အချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပြန်လည်ပြီး လျှပ်စစ်မီးများရရှိခြင်းဖြစ်ကြောင်း သိရသည်။

ရသေ့တောင် မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဆုံကျေးရွာနှင့် ပေါက်တောချေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
Subscribe to ရခိုင်ပြည်နယ်