ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၊ အထူးကုဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်းသည်။

တောင်ကုတ်မြို့နယ်၌ စိုက်ပျိုးသီးနှံတိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ တိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တောင်ကုတ်-သံတွဲကားလမ်းတစ်လျှောက်ရှိ တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နယူးဝေါလ်ခန်းမတွင်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ မြင့်မြင့်သန်း ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊  စစ်တွေတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ရခိုင်ပြည်နယ်ကျောင်း ကျန်းမာရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊  မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ် ကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအား ပြန်လည်ဖြည့်တင်ရေး၊ ပြည်နယ် မွေးမြူရေးကဏ္ဍပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်

မာန်အောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်မြို့နယ်အဆင့် စာစီစာကုံး၊ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းသား၊ကျောင်းသူများ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက အ-ထ-က(ခွဲ) စျေးတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းကို ရသေ့တောင်မြို့နယ်၊ ​ပြင်ခေါင်ကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့မှ ဒေသခံပြည်သူများအားအသုံး အဆောင်ပစ္စည်းများ၊ ကလေးအဝတ် အထည်များ၊ သောက်ရေသန့်ကဒ်များ၊ ခေါက်ဆွဲခြောက်နှင့် ကြက်အူချောင်းများကို ကြက်ခြေနီ ဝန်ထမ်းများနှင့်ဒေသ ခံကြက်ခြေနီစေတနာလုပ်အားရှင်များက ယနေ့နံနက်ပိုင်းကသွားရောက် ထောက်ပံ့ကူညီခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်၊ ထောက်ပံ့ထားသောပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ ယမန်နေ့နံနက်(၉)နာရီက ဖက်ကျကျေးရွာနှင့်ပိန္နဲတောကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက် နိုင်ရန်အတွက် ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။

ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဌာနဆိုင်ရာဝန်ထမ်းများ  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နေ့လည်ပိုင်းက ကျောက်တော်ရက်ကွက်၊ လူမှုဝန် ထမ်းရုံး (လျာထားမြေနေရာ) အနောက်ဘက်ကမ်းနား၌ ပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်