ရခိုင်ပြည်နယ်

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်တွင် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ဦးဥတ္တမခန်းမ၌ မိုခါမုန်တိုင်း ကြောင့် လေဘေးသင့် ရပ်ကွက်/ကျေးရွာအုပ်စုများဖြစ်သည့် အနောက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ တင်းမေကျေးရွာအုပ်စု၊ ဇီးတုံကျေးရွာအုပ်စု၊ ပန်းဘဲချောင်းကျေးရွာအုပ်စု၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ ဂုပ္ပီကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ကျေးရွာအုပ်စု၊ ဧရာသျှကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ တရဂူကျေးရွာအုပ်စု၊ ကျောက်တောင်(ခ) ပြင်ရှည်ကျေးရွာအုပ်စု၊ အိုးသည်မကျေးရွာအုပ်စု၊ မီးကျောင်း ခေါင်းဆွဲ ကျေးရွာအုပ်စု၊ အုတ်တောင်ကျေးရွာအုပ်စု၊ မောင်ကြီးတောင်ကျေးရွာအုပ်စု၊ လောင်းယုံကျေးရွာအုပ်စု၊ ငကျဉ်တောက်ကျေးရွာအုပ်စု၊ စေတောင်ကျေးရွာအုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၁၉)အုပ်စုရှိ ကျေးရွာပေါင်း(၇၂)ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ကျေးရွာကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကို (ဒုတိယအကြိမ်) ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆန် 50 Kg (၁၅၀)အိတ်၊ 40 Kg (၃၃၈)အိတ်၊ အသင့်စားဆန်(၅ဝ)ထုတ်၊ ဆား(၃၇၂)ပိဿာ၊ ခေါက်ဆွဲခြောက်(၁၉ဝ)ဖါ၊ ရိက္ခာထုတ်(၁၉)ထုတ်၊ သွပ်(၈၄)ချပ်၊ မိုးသံ(၉၈)ပိဿာ၊ ငါးသေတ္တာ(၁၇၅) ဗူး၊ အကြော်မုန့် (၃၈)ထုပ်၊ ငါးခြောက်ထုတ် (၉၅)ထုတ်၊ ရိုက်သံ(၂ဝဝ)ပိဿာ၊ သစ်(၁၀.၀၀၈၆) တန်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး လေဘေးသင်ပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဝေနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုးခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမြင့်ကျွန်းကျေးရွာနှင့် ချီလင်ပင်းကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာစေရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ရခိုင်ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာစေရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ရခိုင်ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ

ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး စစ်တွေမြို့နယ် ရေချမ်းပြင်ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းကစစ်တွေမြို့နယ်၊ ရေချမ်းပြင်ရေငန် ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သောကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ မိုးစပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအား ကြည့်ရှုအားပေး၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရောက်ရှိမှုအားကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်တော်မြို့နယ်တွင် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စားရေရိက္ခာများ ကုလားတန်(၄)ရေယာဉ်ဖြင့် ရောက်ရှိနေမှုအား စစ်ဆေးကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူ များသည်ကုလားတန်(၄) ရေယာဉ်ဖြင့် ရောက်ရှိနေသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားရိက္ခာများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ကုန်တင်/ကုန်ချအဖွဲ့များမှ ဝိုင်းဝန်းသယ်ပို့၍ မီးရထားဆိပ်ရပ်ကွက်ရှိ၊ စားသုံးသူရေးရာ ဂိုဒေါင်အတွင်းသို့ စနစ်တကျထားရှိမှုအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး ဖွင့်ဖောက် စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများနှင့် လေလွင့်မှုများမရှိစေရေး ကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံး စနစ်တကျဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး တက်ရောက်အမှာစကားပြောကြား

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အတွင်းရှိကလေးသူငယ်များအား ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က အခြေခံပညာကျောင်းများတွင် စုရပ်ထား၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်