ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လှည့်လည်ကြည့်ရှုအားပေး၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ရဲတပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။