ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး(၅၀၀)တို့အား စုပေါင်းဆွမ်းဆန်တော် လောင်းလှူပွဲတက်ရောက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး(၅၀၀)၊ သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပသည်။