ပုဏ္ဏားကျွန်းမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သင်တန်းဖွင့်လှစ်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။