မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သင့် ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။