ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့၌ ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ညနေပိုင်းက မြို့မအားကစားကွင်း အတွင်း၌ကျင်းပသည်။

အမ်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၇ မိနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်သည်။

  ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာ ကျန်းမာရေးဝန်ထမ်းများက ကထိုးနှံပေးလျက်ရှိကြသည်။  

ရသေ့တောင်မြို့၌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်)ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့၌ မိုးစပါးထွန်တုံးပိတ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် ဂါယ်လောင်းကျေးရွာ အုပ်စု ဂါယ်လောင်းကျေးရွာ ကွင်းအမှတ်(၂၆၂)ရှိ တောင်သူဦးမောင်ချို၏ လယ်မြေ(၃)ဧကတွင် မြို့နယ်လုံးမိုးစပါးထွန်တုံး ပိတ်ပွဲအား ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

ကျောက်ဖြူပညာ‌ရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် အခမ်းအနားဖွင့်ပွဲပြုလုပ်

ပညာ‌ရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ရမ်းဗြဲမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ရွှေတုံးကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေပြီး စဉ်းစားတွေး ခေါ်မှုစွမ်းရည်များမြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၁ နာရီက သရက်တပင်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်