ကျောက်တော်မြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။