ရခိုင်ပြည်နယ်

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ “လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရမ်းဗြဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ‌ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂း၃၀ နာရီမှစတင်၍ ဂေါ့ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်အတွက် အစမ်း‌လေ့ကျင့်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ (၂၄ )ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်အတွက် အစမ်း‌လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင်ကျင်း ပြုလုပ်သည်။

ပေါက်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ

 ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း ( ပေါက်တော) စုပေါင်းခန်းတွင်ကျင်းပကြသည်။

တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးလေးကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ဆေးရုံဝင်းအတွင်း၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် လုပ်ဆောင်လျက်ရှိနေသည့်  GW  NINE FIVE (SSC CRAB) ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်း

ရှေ့လုပ်ငန်းစဥ်(၅)ရပ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ရှေ့လုပ်ငန်းစဥ်(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း၊ အင်းအိုင်၊ မြစ်ချောင်းများပေါများကာ မွေးမြူရေးလုပ်ငန်းများ ထွန်းကားခြင်းတို့ကြောင့်  ရှေ့လုပ်ငန်းစဥ်(၅)ရပ်တွင် အချက်တစ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကြိုးပမ်းဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဥ်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Subscribe to ရခိုင်ပြည်နယ်