ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စိုက်ပျိုးထားသော မိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်းအရောင်း ဆိုင်လုပ်ငန်းရှင်များတက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီများက Videoconfrence စနစ်ဖြင့်တက်ရောက်ကြသည်။

ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ညနေ (၅)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။

ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နေ့လယ်(၁)အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။

ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ၌ စပါးသီးနှံတွင်ကျရောက်ပျက်စီးတတ်သော ဖျက်ပိုးများကာကွယ်နှိမ်နင်းနည်းတောင်သူပညာပေးသင်တန်းနှင့် စူပါအီးအမ်ဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံတွင် ကျရောက်ပျက် စီးတတ်သော ဖျက်ပိုးများကာကွယ်နှိမ်နင်းနည်းတောင်သူ ပညာပေးသင်တန်းနှင့် စူပါအီးအမ်ဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းများအား သွင်းအားစုစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ရယူဆောင်ရွက်မည့် အခြေခံသမဝါယမအသင်းသား တောင်သူများအား သွင်းအားစုစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ပြည်သူများအား မီးပေါ့ဆမှု မရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယနေ့နံနက် ၉ နာရီအချိန်က အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။

သမဝါယမအသင်းသား​တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အ​ခြေအ​နေအား ကွင်းဆင်း ကြည့်ရှု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ​ဂါယ်​လောင်းကျေးရွာ၊ စံပြစိုက်ပျိုး​ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်း ကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေးဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက Book Clup အဖွဲ့ဝင်များဖြင့်စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်